2 Sept 2014

Samsung က Smart Home နည်းပညာကို တိုးချဲ့

 
 
စမတ်နေအိမ် နည်းပညာသည် နေအိမ်တစ်ခုလုံးရှိ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ တီဗီ၊ မီးသီး၊ လေအေးပေးစက် စသည့် အီလက်ထရောနစ် ကိရိယာ များကို စမတ်ဖုန်း သို့မဟုတ် စမတ်နာရီ တစ်ခုတည်းမှ ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါသည်။ Samsung က Smart Home နည်းပညာကို တိုးချဲ့ရန် ကြိုးစားနေပြီး သူ၏ ၀န်ဆောင်မှုတွင် Thirt-Party Company များ၏ Gadgets များကို အသုံးပြုနိုင်ရန် ပြုလုပ်မည် ဖြစ်သည်။


ဘာလင်တွင် ကျင်းပမည့် နည်းပညာ ပြပွဲဖြစ်သည့် IFA 2014 မတိုင်မီ Samsung က အီလက်ထရောနစ် ပစ္စည်း များကို သူ၏ အသံဖြင့် အမိန့်ပေးသည့် နည်းပညာ ဖြစ်သော S Voice ကို အသုံးပြုပြီး Galaxy စမတ်ဖုန်း သို့မဟုတ် Samsung စမတ်နာရီများမှ ထိန်းချုပ်နိုင်မည်ဟု ပြောပါသည်။ 

Samsung က မကြာမီက စမတ်နေအိမ် နည်းပညာကို တီထွင်သော SmartThings Company ကို ၀ယ်ယူခဲ့ပြီး ဇူလိုင်လတွင်လည်း အင်တာနက် ချိတ်ဆက်နိုင်သော စမတ် Device များအတွက် စံနှုန်းများကို ဖန်တီးရန် ရည်ရွယ် ထားသည့် Company များစွာ ပါဝင်သော အဖွဲ့အစည်းတွင် ပါဝင်ခဲ့ပါသည်။


Samsung က သူ၏ နည်းပညာနှင့် တွဲဖက် အသုံးပြုနိုင်သော အခြား Company များ၏ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကို ကြေညာခြင်း မရှိသော်လည်း အနာဂတ်တွင် နေအိမ်တံခါးများကို Lock ပြုလုပ်ခြင်း၊ လုံခြုံရေး ကင်မရာများကို စမတ်ဖုန်းမှ စောင့်ကြည့်ခြင်း၊ မည်သည့် အိမ်သုံး ပစ္စည်းသည် လျှပ်စစ်ကို မည်မျှ အသုံးပြုသည်ကို စစ်ဆေးခြင်းနှင့် အသုံးပြုသူ နေအိမ်သို့ ရောက်ရှိလျှင် မီးသီးများနှင့် လေအေးပေးစက်ကို အလိုအလျှောက် ဖွင့်ပေးခြင်း စသည်တို့ကို ပြုလုပ်နိုင်မည်ဟု ပြောပါသည်။


Samsung က ယခုနှစ်နှောင်းပိုင်းတွင် သူ၏ စမတ်နေအိမ် နည်းပညာကို Developer များကို မျှဝေမည်ဟု ပြောပါသည်။ ထို့အတွက် အိမ်သုံး အီလက်ထရောနစ် ထုတ်လုပ်သည့် Company များအနေဖြင့် Samsung ၏ စမတ်နေအိမ်နည်းပညာနှင့် တွဲဖက် အလုပ်လုပ်နိုင်သော ထုတ်ကုန်များကို တီထွင်နိုင်မည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ယခု ရက်သတ္တပတ်တွင် ကျင်းပမည့် IFA Berlin ပွဲနှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပမည့် Samsung Developer Conference တွင် သိရမည် ဖြစ်သည်။


ref;MyanmarDigitalLife


0 comments:

Post a Comment