23 May 2014

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက်


လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Facebook က feature သစ်များ အဆက် မပြတ် ထုတ်လုပ်နေရာ မေလ ၂၀ ရက်က သုံးစွဲသူများ၏ Relationship status အား မေးမြန်းနိုင်မည့် feature သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။Facebookက လွန်ခဲ့သောအချိန်များတွင် အသုံးပြုသူများအချင်းချင်း အလုပ်ကိုင်နေရာ၊ တက်ရောက်ခဲ့ သည့် ကျောင်းအစရှိသည်တို့ကို မေးမြန်းနိုင်သည့် “Ask” ဟူသည့် feature အား ထုတ်လုပ်ခဲ့ပြီး မေလ ၂၀ ရက်တွင် Relationship status နှင့် ပတ်သက်ပြီး ထပ်မံမိတ်ဆက်ခြင်း ဖြစ်သည်။
 
အဆိုပါ feature သစ်မှာ အသုံးပြုသူတစ်ဦးက မိမိ၏ Relationship status အား ဖော်ပြမထားသေးပါက အခြားအသုံးပြုသူတစ်ဦးမှ မိမိအားချိန်းတွေ့ကာ မိမိတွင် Relationship ရှိ၊ မရှိကို မေးမြန်းနိုင်ခြင်းဖြစ် သည်။ ယင်း “Ask” button မှာ အသုံးပြုသူ၏ Relationship ဖော်ပြမည့်နေရာတွင် ပေါ်လွင်နေမည်ဖြစ် သော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ မြင်တွေ့နိုင်ခြင်းရှိမည် မဟုတ်ချေ။

အသုံးပြုသူတစ်ဦးမှ မိမိစိတ်ဝင်စားနေသူတစ်ဦးတွင် Relationship မရှိသေးလျှင် Ask နှိပ်ကာ ၎င်း၏ Relationship အကြောင်း မေးမြန်းနိုင်မည်ဖြစ်ပြီး စိတ်ဝင်စားပါက မိမိနှင့် အပြင်တွင်ချိန်းတွေ့နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် မိမိမေးမြန်းမည့်သူမှာ မိမိနှင့် Friend ဖြစ်နေရမည် ဖြစ်သည်။ မိမိ၏ Relationship status နှင့် ပတ်သက်ပြီး အမေးမြန်းခံရသူမှာ notification ပေါ်လာမည် ဖြစ်ပြီး မိမိတွင် ချစ်ကြိုက်ထားသည့်သူ ရှိ၊ မရှိ၊ လက်ထပ်ထားသည့်သူ ရှိ၊ မရှိကို အဖြေပေးရမည် ဖြစ် သည်။ အဆိုပါ အဖြေအား မေးမြန်းသည့်သူကသာ မြင်တွေ့သွားနိုင်မည်ဖြစ်ပြီး မိမိ၏ timeline တွင် ပေါ်နေမည်မဟုတ်ကြောင်း Facebook က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် Facebook ၏ အဆိုပါ Relationship status feature သစ်နှင့် ပတ်သက်၍ အသုံးပြု သူများဘက်မှ ဝေဖန်သံများထွက်ပေါ်နေပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အား အတင်းအ ကျပ် ဖော်ပြစေခြင်းဖြစ်ကြောင်း Facebook မှ အွန်လိုင်းချိန်းဆိုမှုဘက်သို့ ဦးတည်နေကြောင်း ပြစ်တင် ပြောဆိုမှုများရှိ နေသည်။

Mizzima - News in Burmese

0 comments:

Post a Comment