13 May 2014

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သိစေရန်



၁။ ယခင် (6)P အစီအစဉ် အရ ထုတ်ပေးထားသော သာမန် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ
ယခင် နိုင်ငံကူးလက်မှတ် ထုတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားမဲ့ ဖြစ်နေသူများ ၊

မှတ်ပုံတင် ၊သန်းခေါင်စာရင်း သာရှိပြီး မြန်မာနိုင်ငံကူးလက်မှတ် တစ်ကြိမ်မှ ထုတ်ယူခဲ့ဘူးခြင်း
မရှိသူများအား မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ် အတည်ပြုပြီး သာမန် မြန်မာနိုင်ငံကူးလက်မှတ်
ထုတ်ပေးရေး လုပ်ငန်းစဉ် များ ၊ မလေးရှားနိုင်ငံ၌ တရားဝင်နေထိုင်ပြီး အလုပ် အကိုင် ရရှိရေးအတွက်
လက်ဗွေနှိပ်ခြင်း မှ ပါမစ်ရသည် အထိ လုပ်ငန်းစဉ်များအား မကြာမှီ နှစ်နိုင်ငံအစိုးရ G to G အစီအစဉ် ဖြင့်
စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ အချိန်မကုန် ၊ အလုပ်မပျက် ၊ သတ်မှတ်ချိန် အတွင်း အထက်ပါ လုပ်ငန်းများအား
သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း အတိုင်း လွယ်ကူ
လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဖိုးနည်း ၀န်ဆောင်ခ ဖြင့်
EVERFINE SERVICES (M) SDN BHD. မှ ကုမ္ပဏီ ရုံးခွဲများ အား
ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်လှစ် ၍ သော်လည်ကောင်း ဖုန်း (သို့ မဟုတ်)

Online စနစ် အသုံးပြု၍ လည်းကောင်း မလေးရှားရောက် မြန်မာများ စိတ်ချမ်းမြေ့စွာ
ပါမစ်ရသည် အထိ အောက်ပါ လုပ်ငန်း အဆင့်ဆင့်အား တိကျ မှန်ကန်သော ၀န်ဆောင်မှူကို
အပြည့်အ၀ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်-
(က) သတ်မှတ်ထားသော အထောက်အထားများ တင်ပြ၍ မှတ်ပုံတင်ခြင်း။

(ခ) အချိန်မကုန် အလုပ်မပျက်စေရန် အတွက် မြန်မာနိုင်ငံသားဟုတ်မဟုတ် မြန်မာသံရုံး၌
လူတွေ့ စစ်ဆေးလိုသည့်နေ့ ရက် အချိန်အား စီစဉ်ပေးခြင်း။

(ဂ) မြန်မာနိုင်ငံသား ဟုတ်မှန်ပါက သာမန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ယူခြင်းနှင့် လက်ဗွေ
နှိပ်လိုသည့် နေ့ ရက် အချိန်အား စီစဉ်ပေးခြင်း။

(ဃ) သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း ဥပဒေ နှင့် ကိုက်ညီပြည့်စုံသူများ အား ပါမစ်ရရှိ
သည်အထိ ဆောင်ရွက်ပေးခြင်း။

၃။ မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်း အတည်မပြုခြင်း ၊ လက်ဗွေ နှိပ်ပြီးသော်လည်း ပါမစ်
မရရှိခြင်း တို.မဖြစ်စေရေးအတွက် ကာယကံရှင်မှ အောက်ပါ အချက်အလက်များအား
တိကျမှန်ကန်စွာ ပြည့်စွက်၍ ၀န်ခံကတိပြု ချက်ဖြင့် လက်မှတ်ရေးထိုး တင်ပြရမည် ဖြစ်ပါသည်-

(က) မြန်မာနိုင်ငံသား ဟုတ် မဟုတ် လွယ်ကူ လျင်မြန်စွာ စီစစ်နိုင်ရန် အတွက် မှန်ကန်ပြည့်စုံစွာ
တင်ပြရမည့် အချက်များမှာ -

(၁) ယခင်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ဖူးသူ ဖြစ်ပါက နိုင်ငံကူးလက်မှတ် စာအုပ်
(Email မိတ္တူ / မူရင်း )။

(၂) မြန်မာနိုင်ငံသား စိစစ်ရေး ကဒ် (သို့ မဟုတ်) မှတ်ပုံတင် (မူရင်း /Email မိတ္ထူ)။

(၃) သန်းခေါင်စာရင်း (မူရင်း /Email မိတ္ထူ)။

(၄) လက်ရှိ မြန်မာပြည် နေရပ်လိပ်စာ ( အိမ်အမှတ် ၊ ရပ် ကွက် (သို့ မဟုတ် ) ကျေးရွာ ၊
မြို့ နယ် ၊ ပြည်နယ် / တိုင်းဒေသကြီး။)

(၅) ဖခင်အမည်နှင့် မွေးသက္ကရာဇ်

(ခ) လက်ဗွေနှိပ်ပြီး အလုပ်ပါမစ် ရရှိရန် အတွက် -

(၁) လျှောက်ထားစဉ် အသက် (၄၅) နှစ် အထက် မကြီးစေရ ။

(၂) မလေးရှားနိုင်ငံ၌ ပြစ်မှု့ ကင်းရှင်း ရမည်။

(၃) သူဌေး ရှိသူဖြစ်ရမည်။ သူဌေး မရှိသူအား ကုမ္ပဏီ မှ ကာယကံရှင်၏ ဆန္ဒအရ သီးခြား
စီစဉ်ပေးမည်။

(၄) ဆေးစစ်ခြင်း အောင်မြင်ရမည်။

၎။ အထက် အပိုက်(၃) ပါ အချက်အလက်များ တင်ပြရာ၌ ကာယကံရှင် မှ တိကျမှန်ကန်စွာ
ဖြည့်စွက်တင်ပြရန်နှင့် မမှန်မကန် တင်ပြ၍ စိစစ်တွေ့ ရှိသူများ ၊ မြန်မာနိုင်ငံသား မဟုတ်သူများအား
ကုမ္ပဏီမှ လုံးဝ ( လုံးဝ) တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

၅။ သို့ ပါ၍ အထက်ပါ အစီအစဉ်များ အချိန်ကန့် သတ်ချက်ရှိသဖြင့် အောက်ပါလိပ်စာအတိုင်း
ဆက်သွယ်၍ အမြန် မှတ်ပုံတင်ခြင်း ၊ စာရင်းပေးသွင်းခြင်း တို့  ပြုလုပ်ကြပါရန် နှိုးဆော်အပ်ပါသည်။
အ သေးစိတ် သိရှိလိုသူများ ၊ အခက်အခဲ ရှိသူများ ကုမ္ပဏီ သို့  ဆက်သွယ်မေးမြန်း၍
ကာယကံရှင် ကိုယ်တိုင် လာရောက် ဆောင်ရွက်ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

“ မြန်မာနိုင်ငံသား ဟုတ်မှန်သူများအား အချိန်မကုန် ၊ အလုပ်မပျက် ၊ စိတ်ချမ်းမြေ့စွာဖြင့်
အချိန်တိုအတွင်း ပါမစ် ရရှိသည် အထိ အပြည့် အ၀ တာဝန်ယူဆောင်ရွက်ပေးမည် “

  Everfine Services M Sdn Bhd
 

0 comments:

Post a Comment