13 May 2014

"မင်းကွန်းတိပိဋကဆရာတော် အရှင်ဝိစိတ္တသာရဘိဝံသ၏ အဆုံးအမ သြ၀ါဒ"

 
"မင်းကွန်းတိပိဋကဆရာတော် အရှင်ဝိစိတ္တသာရဘိဝံသ၏ အဆုံးအမ သြ၀ါဒ"

(၁) နေ့စဉ် ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့ စဉ်းစားပါ။

(၂) လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။

(၃) မည်သူ တရားပျက်ပျက် ... သင် မပျက်ပါစေနဲ့ သတိထားပါ။

(၄) သင့်ကို အကြောင်းပြုပြီး သူများ စိတ်မဆင်းရဲပါစေနဲ့။

(၅) မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ ... သေမှ ငိုမနေပါနဲ့။

(၆) သူများအပြစ်ကို မပြောပါနဲ့ ... ကိုယ့်အပြစ်ကိုသာ ရှုပါ။

(၇) အလိုက်သိပါ ... အားနာပါ ... ရှက်ကြောက်ရှိပါ။

(၈) ဗြဟ္မစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင် သီလတရားမြဲပါစေ။

(၉) ကြီးသူကို ရိုသေပါ ... ရွယ်တူကို လေးစားပါ ... ငယ်သူကို သနားပါ။

(၁၀) မစူးစမ်း မဆင်ခြင်ဘဲ မပြောပါနဲ့ ... မလုပ်ပါနဲ့ ... အမြဲ သတိထား ပါ။

(၁၁) နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။

(၁၂) နိုင်လိုသူကို အရှုံးပေးက စိတ်နုလုံး အေးမြသည်။

(၁၃) စကားပြောသောအခါ မျှမျှတတ ပြောဆိုပါ။

(၁၄) မိမိကိုယ်ကို နေ့စဉ် စစ်ဆေးမှ ကြီးပွားနိုင်သည်။

(၁၅) မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်း စိတ်မိုက်များကို ဖယ်ရှားပါ။

(၁၆) သူများ ကြီးပွားချမ်းသာတာကို မနာလို မရှုစိတ်မရှိပါစေနှင့်။

(၁၇) နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။

(၁၈) မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ ကောင်းသည်။

(၁၉) မာနကို နှိမ့်ချ လူ၏တန်ဖိုးကို မြှင့်တင်ပါ ... တာဝန်ကျေပါစေ

(၂၀) အရာရာမှာ စေတနာသန့်သန့်နှင့်စိတ်ကောင်းတစ်ခု ထားပါ။

(၂၁) မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင်ကြိုးစားပါ။

~~~ ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း ကျန်းမာရွှင်လန်းငြိမ်းအေး နိုင်ကြ ပါစေ ~~~
 
 Ven Kind Ness
 

0 comments:

Post a Comment