13 May 2014

ပြည်ခိုင်ဖြိုးပါတီ တစ်အိမ်တက်ဆင်း စည်းရုံးမှုစတင်



ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီ ၀င်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နေပြည်တော် လယ်ဝေးမြို့နယ်၌ တစ်အိမ်တက် ဆင်း ဓာတ်ပုံရိုက်၍ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည် ဟု သတင်းရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ခိုင်မာ တောင့်တင်းသော အင်အားရရှိ ရေးအတွက် ပါတီဝင်စည်းရုံးခြင်း၊ပါတီဆိုင်ရာ သိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားခြင်း၊ ဒေသ နေပြည်သူများအတွက်ပါတီမှ ဆောင်ရွက်ပေးနိုင်မှုအခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးပွဲနှင့် တစ်အိမ်တက်ဆင်းဖြင့် ပါတီဝင် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ပါတီဝင်လျှောက်လွှာဖြည့်သွင်
ခြင်းလုပ်ငန်းများကို နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်မှ ကျေးရွာများ တွင် မေလ ၁၀ ရက်မှစတင်ပြုလုပ်
ပေးနေခြင်းဖြစ်သည်။

ယခင်က ပါတီဝင်ထားသူ များအပါအ၀င် စုစုပေါင်း လူဦး ရေ ၈၀၀ ခန့်ကို ပါတီဝင် ကတ် များထုတ်ပေးနိုင်ခဲ့သည်ဟု လယ် ဝေးမြို့နယ်ပါတီတာဝန်ခံ တစ်ဦး ကပြောသည်။

‘‘သူတို့က စည်းရုံးတဲ့အခါ မှာ ပြည်ခိုင်ဖြိုးကနေ လုပ်ငန်း ကိုင်ငန်းတွေရှိတဲ့အခါ ဦးစားပေး ခေါ်ပါမယ်ဆိုပြီး ပြောတယ်။ တ ခြားအစိုးရလုပ်ငန်းနဲ့ ပတ်သက် တာတော့ မပြောဘူး’’ဟု လယ် ဝေးမြို့နယ်တွင် နေထိုင်သူ ဦးလှ ကျော်ကပြောသည်။

ပါတီအနေဖြင့် မြို့နယ်နှင့် ကျေးရွာအဖွဲ့များ တွေ့ဆုံခြင်းကို ပုံမှန်လုပ်ဆောင်ခြင်းဖြစ်ပြီး ထူး ခြားသည့် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ခြင်း မဟုတ်ဘဲ အသင်းဝင်ကတ်များသာ ထုတ်ပေးနေသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းကပြောသည်။

နေပြည်တော်ကောင်စီ အ တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည့် ဒက္ခိဏသီရိ မြို့နယ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီ၏ ဒက္ခိဏသီရိ ဖောင်ဒေးရှင်းက ပြည်သူများအ တွက် ချေးငွေကျပ်သိန်း ၁၀၀ ကျော် ထုတ်ချေးခဲ့သေးသည်။

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံး ရေးလုပ်ငန်းများသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ် လုပ် ဆောင်ခြင်းဖြစ်သော်လည်း ကြား ဖြတ် ရွေးကောက်ပွဲတွင်လည်း လုံးဝအနိုင်ရရှိရန် ကြိုးစားသွား မည်ဟု ပါတီတာဝန်ရှိသူများက ပြောကြားထားသည်။
 
 Coko Dmoe
 
 

0 comments:

Post a Comment