13 May 2014

ဗုဒ္ဓဘာသာဝင်များနှင့် လွဲနေသော အယူအဆများ



ဒီပုံကတော့ ကျိုက်ထီးရိုး စေတီ ရင်ပြင်တော်မှာ ရိုက်ခဲ့တာပါ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားမှာ စေတီမှာ အမွေးတိုင် ထွန်းတယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားစေတီ ပတ်ဝန်းကျင်မှာ အမွေးနံ့ သင်းပျံ့စေဖို့ပါ...

ဘုရားမီးပူဇော်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘုရားအနီးနား ပတ်ဝန်းကျင်မှာ အလင်းရောင် ရရှိစေဖို့ပါ...

အခုတော့ အဲလို မဟုတ်ဘူး.... ဘယ်သူက ဟောခဲ့လေသည်မသိ... ဘုရားရောက်ပြီဆိုတာနဲ့ အမွေးတိုင် လေးငါးခြောက်ထုပ်ကို ဖောက်ပြီး တစ်ခါတည်း မီးရှို့ပလိုက်တယ်...

ကျိုက်ထီးရိုး စေတီ ရင်ပြင်မှာဆိုရင် ဟိုလူက လာရှို့ ဒီလူက လာရှို့နဲ့ အဲဒီ အမွေးတိုင်တွေ မီးပုံရှို့ထားတဲ့ မီးခိုးနံ့တွေနဲ့ စေတီရင်မှာ ဘယ်သူမှ ကြာကြာ ထိုင်မနေနိုင်ဘူး နံဟောင်လာတယ်... အဲဒီလို လုပ်ရင် သူတို့ကို သူတို့ ဘာကုသိုလ်ရနေပြီလို့ တွေးလဲမသိဘူး... ဒါပေမယ့် စေတီပတ်ဝန်းကျင်မှာတော့ အနံ့အသက်ဆိုးတွေနဲ့ တစ်ခြား ဘုရားဖူးလာသူတွေကို အနှောက်အယှက်အကြီးကြီး ဖြစ်စေတယ်...

နောက်ပြီးတော့ နေ့ခင်းကြောင်တောင် ဘုရားမီး ပူဇော်တယ်ဆိုပြီး ဖရောင်းတိုင်တွေ ထွန်းကြတယ်... တစ်ချို့က သက်စေ့ဆိုပြီး အသက်လေးငါးခြောက်ဆယ် လူကြီးတွေဆိုရင် ဖရောင်းတိုင် အတိုင်လေးငါးခြောက်ဆယ်ကို တန်းစီ ထွန်းသွားကြတယ်... ထွန်းချင်ရင်လဲ ညမှထွန်းပေါ့ အခုတော့ မလိုအပ်ပဲ နေ့ခင်းကြောင်တောင် ထွန်းတော့ ဒါက ဖြုန်းတီးမှု သက်သက်ပဲ...

အဲလို လုပ်တာ ကုသိုလ်ရတယ်လို့ ဘယ်သူတွေက ဟောခဲ့ကြလဲ မသိဘူး... သေချာတာကတော့ ဗုဒ္ဓကတော့ အဲလို ဟောခဲ့မှာ မဟုတ်ဘူး...


စိုးဇေယျာထွန်း


0 comments:

Post a Comment