
ချဲလ်ဆီး အသင်း၏ မန်နေဂျာ မော်ရင်ဟို သည် ဆန်းဒါးလန်း အသင်းအား ၂-၁ ဖြင့် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင် ကွင်းလယ် ဒိုင်လူကြီး အား ပြင်းထန်စွာ ဝေဖန် သရော်ခဲ့သဖြင့် အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ် အက်ဖ်အေ၏ ဒါဏ်ငွေ ပေါင် ၁ သောင်း တပ်ခံလိုက်ရပြီ ဖြစ်သည်။
.......... ပေါ်တူဂီသား မန်နေဂျာ သည် သူ၏ အိမ်ကွင်း ၇၇ ပွဲ ရှုံးပွဲ မရှိ စံချိန်အား ရိုက်ချိုးခံလိုက်ရသည့် အဆိုပါ ပွဲစဉ်တွင် ကွင်းလယ် ကြီးကြပ်ဒိုင်လူကြီး မိုက်ခ်ဒိန်း အား မယုံကြည်နိုင်လောက်အောင် ပြောင်မြောက်ထူးချွန်သူ ၊ သူ၏ လိုချင်တဲ့ ရလဒ်ကို မရ ရအောင် စွမ်းဆောင် သွားနိုင်ခဲ့သူ ဟု သရော် ခဲ့သဖြင့် ယခုကဲ့သို့  ဒါဏ်ငွေ ရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
......... ယခု ဒါဏ်ငွေ ပေးဆောင် ရခြင်း သည် ယခုနစ်ရာသီ မော်ရင်ဟို ၏ ပထမဆုံး အကြိမ် ဒါဏ်ရိုက်ခံရခြင်း မဟုတ်ပဲ
ပြီးခဲ့သည့် မတ် လ ကလည်း အင်စတွန်ဗီလာ အသင်းအား ဗီလာပါ့ခ် တွင် အရှုံးပေးခဲ့ရသည့် ပွဲစဉ်တွင်လည်း ကွင်းလယ်ဒိုင်လူကြီး ခရစ်ဖွိုင်း အား ဝေဖန် ခဲ့သဖြင့် ဒါဏ်ငွေ ပေါင် ၈၀၀၀ ထောင် ချမှတ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။
0 comments:
Post a Comment