10 May 2014

မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာဆွတ်ခူး

 
မန်ယူအသင်း၏ အားထားရသော ဂိုးသမား ဒေးဗစ်ဒီဂီယာသည် မေ ၈ ရက်က ကျင်းပပြုလုပ်သော အသင်း ၏ နှစ်စဉ်ဆုပေးပွဲ အခမ်းအနားတွင် မန်ယူကစားဖော်များနှင့် ပရိသတ်၏ အားပေးထောက်ခံမှုဖြင့် မန်ယူ အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ ကြောင်းသိရသည်။ 
 
မန်ယူအသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာသည် ယခုနှစ် ဘောလုံးရာသီတွင် အကောင်းမွန်ဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့မှုကြောင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ယခုရရှိခဲ့သည့် ဒေးဗစ် ဒီဂီယာ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုသည် နှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။ ဒေးဗစ်ဒီဂီယာသည် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ပဏာမရွေးချယ်ထားသည့် ဒုတိယနေရာမှ ရွန်းနီနှင့် တတိယ နေရာမှ ဂျာနျူဇာတို့ကို ကျော်ဖြတ်ကာ ထောက်ခံဆန်္ဒမဲ ၅၄ ရာခိုင်နှုန်းဖြင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 
ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်း ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပြီးနောက် ““ကျွန်တော့်ကို အားပေးတဲ့ပရိသတ် တွေကို ကျွန်တော်ကျေးဇူးတင်ပါ တယ်။ ပရိသတ်တွေနဲ့ ကစားဖော် တွေရဲ့ ထောက်ခံမှုကြောင့်သာ အခုလို အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ 
 လာမယ့်ရာသီမှာ လည်း အခုလိုဆုမျိုးရအောင် ကြိုးစား သွားမှာပါ””ဟု ပြောကြားခဲ့သည်။ 
 
တိုက်စစ်မှူးရွန်းနီသည် မန်ယူ အသင်းနှင့် ၀က်စ်ဟမ်းအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် မန်ယူအသင်း၏ တစ်နှစ် တာအကောင်းဆုံး ဂိုးသွင်းရှင်ဆုကို ဆွတ်ခူးခဲ့ပြီး ယာယီနည်းပြ ရိုင်ယန်ဂစ်မှာမူ မန်ယူအသင်း၏ တစ်သက်တာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆုကို ဆွတ်ခူးရရှိခဲ့သည်။ 


 +ငွေကြယ်+


0 comments:

Post a Comment